← Home
GAD news
16 Jul, 2026
ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သင်ကြားနေသည့် ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းအမှတ်စဉ်(၁/၂၀၂၆)၌ သင်ခန်းစာဘာသာရပ်များ ဆွေးနွေးပို့ချ
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်၊ နေ့လယ် ၁ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သင်ကြားနေသည့် ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၆)၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြတ်ထွန်းဦးသည် ရပ်ကွက်/ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်/ ကျေးရွာအုပ်စုအငယ်တန်းစာရေးများအား ရပ်ကွက်/ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးဥပဒေနှင့် နည်းဥပဒေများကို ဆွေးနွေးပို့ချခဲ့ကြောင်း သတင်းရရှိပါသည်။