← Home
GAD news
13 Jul, 2026
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်ရှိ အထက(၁)ကျောင်း၌ ကျင်းပ ပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ရက်(၁၀၀)လမင်းစီမံချက်ဖြင့် ကျောင်းသား/ သူများအား နိုင်ငံသား စိစစ်ရေးကတ်နှင့် UID ကတ်ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်၊ နံနက် ၉ နာရီတွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်ရှိ အထက(၁)ကျောင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကျင်းပ ပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ရက်(၁၀၀)လမင်းစီမံချက်ဖြင့် ကျောင်းသား/ သူများအား နိုင်ငံသား စိစစ်ရေးကတ်နှင့် UID ကတ်ပေးအပ်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကို၊ သက်ဆိုင်ရာ ဌာနများမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။