← Home
GAD news
13 Jul, 2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ငါးဖယ်အင်းကျေးရွာအုပ်စု၌ ပေါ်ကျွဲမွှေးမျိုးစပါး ပျိုးထောင်စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်၊ နံနက် ၈ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူ မြို့နယ်၊ ငါးဖယ်အင်းကျေးရွာအုပ်စုရှိ ကွင်းအမှတ်-၅၅၂(က)ကွင်း၌ ကျင်းပပြုလုပ်သည့် ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးစပါးရာသီတွင်ပေါ် ကျွဲမွှေးမျိုးစပါးပျိုးထောင်စိုက်ပျိုးရာ၌ လက်ဆွဲကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်းနှင့် အတန်းလိုက်တိုက်ရိုက်အစေ့ချစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ၊ ဒေသခံတောင်သူများ စုစုပေါင်းအင်အား ၅၀ ဦးတို့ တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။