← Home
ပြည်သူ့ဆက်ဆံရေး
11 Mar, 2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန်အတွက် ရပ်ဝေးဒေသမှ လာရောက်တည်းခိုနေထိုင်လျက်ရှိသည့် ကျောင်းသား/ သူများနှင့် မိဘများအား သွားရောက်တွေ့ဆုံ
၂၀၂၆ ခုနှစ်၊ မတ်လ ၉ ရက် နံနက် ၁၁ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန်အတွက် ရပ်ဝေးဒေသမှ လာရောက်တည်းခိုနေထိုင်လျက်ရှိသည့် ကျောင်းသား/သူများနှင့် မိဘများအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်များနှင့်အတူ သွားရောက်တွေ့ဆုံ၍ ကျောင်းသား/သူများနှင့် မိဘများအား နေထိုင် စားသောက်ရေးအဆင်ပြေစေရန်အတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။