← Home
GAD news
07 Jul, 2026
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ဟာရီးကျေးရွာအုပ်စု၊ ပွတ်ခရီးကျေးရွာရှိ ကန်ရွာချောင်း၌ ကျင်းပပြုလုပ်သည့် သဘာဝရေပြင်အတွင်းငါးသားပေါက်စိုက်ထည့်ခြင်း အခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၆ ရက်၊ နံနက် ၉ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ဟာရီးကျေးရွာအုပ်စု၊ ပွတ်ခရီးကျေးရွာရှိ ကန်ရွာချောင်း၌ မြို့နယ်ငါးလုပ်ငန်းဦးစီး ဌာနမှကျင်းပပြုလုပ်သည့် သဘာဝရေပြင်အတွင်းငါးသားပေါက်စိုက်ထည့်ခြင်း အခမ်းအနားသို့ ခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်သက်ဆိုင်ရာ ဌာနများမှတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ ပြည်သူလူထုများ စုစုပေါင်းအင်အား ၁၅၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။