← Home
GAD news 06 Jul, 2026

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်း၌ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့်နေအိမ်များအား ထောက်ပံ့ပေးအပ်

News Photo News Photo
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၆ ရက်၊ နံနက် ၈ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်း မြို့နယ်အတွင်း ဇူလိုင်လ(၅)ရက်၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များအမိုးလန်၍ ပျက်စီးခဲ့သည့် ကညင်ကံကျေးရွာအုပ်စု၊ ပေါက်တောကြီးကုန်းကျေးရွာရှိ အိမ်ထောင်စု ၁၂ စု၊ မြို့စိုးကျေးရွာအုပ်စု၊ သဘွတ်ကြီးတောကျေးရွာရှိ အိမ်ထောင်စု ၄ စု၊ စုစုပေါင်းအိမ်ထောင်စု ၁၆ စုတို့ အတွက် အိမ်ထောင်စု ၁ စုလျှင် ထောက်ပံ့ငွေ ၄၀၀၀ဝိ/- ကျပ်နှင့် ဆန်ဖိုး ၁ ဦးလျှင် ၅၀၀ဝိ/-ကျပ်နှုန်းတို့ကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ရွှေသည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့်အတူ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး လိုအပ်သည်များဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။