← Home
GAD news
01 Jun, 2026
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာဖြင့် စာသင်ကြားနေမှု အခြေအနေများနှင့် ကျောင်းများဖွင့်လှစ်နိုင်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေး
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်၊ နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာဖြင့် စာသင်ကြားနေမှုအခြေအနေများနှင့် ကျောင်းများဖွင့်လှစ်နိုင်မှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ကိုလင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် အဖွဲ့ဝင်များ နှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ပြီး သတင်းရရှိပါသည်။