← Home
GAD news
22 May, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ကံ့ကော်ရပ်ကွက်ရှိ ပြည်သူ့ဈေးရှေ့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများအားလုံး အပြည့်အဝကျောင်းအပ်နိုင်ရေးအတွက် ကျောင်းအပ်နှံရေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
၂၀၂၆ ခုနှစ်၊ မေလ ၂၂ ရက်၊ နံနက် ၁၀ နာရီတွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ကံ့ကော်ရပ်ကွက်ရှိ ပြည်သူ့ဈေးရှေ့၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ လမ်းသွားလမ်းလာ ပြည်သူများနှင့် ဈေးရောင်း/ ဈေးဝယ်ပြည်သူများအား ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးများအားလုံး အပြည့်အဝကျောင်းအပ်နိုင်ရေးအတွက် ကျောင်းအပ်နှံရေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။