← Home
GAD news
22 May, 2026
အဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်မွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၆)သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ မေလ ၂၂ ရက်၊ နံနက် ၉ နာရီတွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး မြို့နယ်၊ အမှတ်(၈၈)ခြေလျင်တပ်ရင်း၊ အောင်စစ်သည်ခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့(မြို့ပေါ်လုံခြုံရေးတာဝန်)အဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်မွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၆)သင်တန်းဆင်းပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့် အဖွဲ့ဝင်များ၊ နယ်မြေခံတပ်ရင်းမှ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သင်တန်းကြီးကြပ်ရေးအဖွဲ့နှင့် သင်တန်းသားများအတွက် ပေးအပ်သောဂုဏ်ပြုပံ့ပိုးငွေများနှင့် ထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။