← Home
GAD news
22 May, 2026
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်အတွင်းရှိ ကျောင်းများရှေ့၌ ကျောင်းအပ်နှံရေး ဆိုင်းဘုတ်စိုက်ထူပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ မေလ ၂၁ ရက်၊ နံနက် ၇ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံ မြို့နယ်အတွင်းရှိ ကျောင်းများရှေ့၌ ကျောင်းနေအရွယ်ကလေးများအားလုံး အပြည့်အဝကျောင်းအပ်နိုင်ရေး အတွက် “၂၀၂၆-၂၀၂၇ပညာသင်နှစ် နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ကျောင်းအပ်နှံရေးဆိုင်းဘုတ်စိုက်ထူပွဲအခမ်းအနားသို့ ခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များ ၊ လူရည်ချွန်ကျောင်းသား/ ကျောင်းသူများ ဆရာ/ ဆရာမများ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။