← Home
GAD news
21 May, 2026
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ ဦးဝိစာရလမ်း၊ အထက(၁)ကျောင်းတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးမြေစိုက်ပိုစတာဗီနိုင်းစိုက်ထူခြင်း အခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ မေလ ၂၁ ရက်၊ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ် မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ ဦးဝိစာရလမ်း၊ အထက(၁)ကျောင်းတွင် ကျောင်းနေအရွယ်ကလေးများ အားလုံး အပြည့်အဝကျောင်းအပ်နိုင်ရေးအတွက်“၂၀၂၆-၂၀၂၇ ပညာသင်နှစ် နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ကျောင်းအပ်နှံရေးမြေစိုက် ပိုစတာဗီနိုင်းစိုက်ထူခြင်းအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်ဝေနှင့် အဖွဲ့၀င်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။