← Home
GAD news
20 May, 2026
ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ဝန်ထမ်းသား/ သမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ မေလ ၂၀ ရက်၊ နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ဝန်ထမ်းသား/ သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျာလင်း၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများနှင့် ဝန်ထမ်းသား/ သမီးများ စုစုပေါင်းအင်အား ၅၅ ဦးနှင့်အတူ တက်ရောက်ခဲ့ပြီး ကျောင်းသား/ ကျောင်းသူ များအား ပညာသင်ထောက်ပံ့စရိတ်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။