← Home
GAD news
19 May, 2026
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများ ပူပေါင်းဆောင်ရွက်
၂၀၂၆ ခုနှစ်၊ မေလ ၁၈ ရက်၊ နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန် မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လမ်းအတွင်းရှိနေအိမ်များ၌ ရေတွင်း၊ ရေကန်၊ အုတ်ကန်များတွင် အဘိတ်ဆေးခတ်ခြင်း၊ ပိုးလောက်လန်း စစ်ဆေးခြင်း၊ မိမိတို့နေအိမ်ပတ်ဝန်းကျင်များတွင် ခြင်ကျားအန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးခြင်း တို့အား တိုင်းဒေသကြီး/ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းဇော်နှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။