← Home
GAD news
18 May, 2026
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်၊ သာသနာ့ရိပ်သာရပ်ကွက်၊ တောင်ကြီးပရိယတ္တိ စာသင်တိုက်၊ ဒက္ခိဏာဝါသကျောင်းဆောင်၌ Unique ID Card နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးနေမှုအား ကွင်းဆင်းစစ်ဆေး
၂၀၂၆ ခုနှစ်၊ မေလ ၁၈ ရက်၊ နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်း မြို့နယ်၊ သာသနာ့ရိပ်သာရပ်ကွက်၊ အမှတ်(၇၁)၊ သာသနာ့ရိပ်သာလမ်း၊ တောင်ကြီးပရိယတ္တိ စာသင်တိုက်၊ ဒက္ခိဏာဝါသကျောင်းဆောင်၌ အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိပြီးသည့် ပြည်သူများအား Unique ID Card ပြုလုပ်ပေးခြင်းနှင့် ၁၀ နှစ်၊ ၁၈ နှစ်ပြည့်ပြီးသူ များအား နိုင်ငံသားစိစစစ်ရေးကတ်ပြားပြုလုပ်ပေးနေမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝေ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။