← Home
GAD news 18 May, 2026

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ လပွတ္တလုပ်တောင်ကျေးရွာအုပ်စု၊ လပွတ္တလုပ်တောင်ကျေးရွာ၊ ရှင်စောမြတ်စေတီတော်၊ လောင်းဝေဿန်တန်ဆောင်းအတွင်း၌ ဒေသခံ ပြည်သူများကို ကျန်းမာရေးစစ်ဆေးကုသနေမှုအခြေအနေအား ကြည့်ရှုအားပေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ မေလ ၁၇ ရက်၊ နံနက် ၉ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာ မြို့နယ်၊ လပွတ္တလုပ်တောင်ကျေးရွာအုပ်စု၊ လပွတ္တလုပ်တောင်ကျေးရွာ၊ ရှင်စောမြတ်စေတီတော်၊ လောင်းဝေဿန်တန်ဆောင်းအတွင်း၌ လပွတ္တာ(၃)မိုင်မြို့၊ ခုတင်(၂၀၀) ပြည်သူ့ဆေးရုံကြီးမှ အထူးကု ဆရာဝန်ကြီးများဖြင့် ဒေသခံပြည်သူများကို ကျန်းမာရေးစစ်ဆေးကုသနေမှုအခြေအနေအား ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။