← Home
GAD news 18 May, 2026

ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ ဟူးမွန်ကျေးရွာ၊ ရေပူစမ်းလမ်းဘေးရှိ ဦးဟော်စိုက်ခင်း (လယ်ယာမြေ)၌ အီးအမ်(EM) ဘိုကာရှီမြေဆွေးလက်တွေ့ပြုလုပ်ခြင်းနှင့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)ကြဲပတ်ခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနားသို့ တက်ရောက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ မေလ ၁၇ ရက်၊ နံနက် ၈ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုး မြို့နယ်၊ ဟူးမွန်ကျေးရွာ၊ ရေပူစမ်းလမ်းဘေးရှိ ဦးဟော်စိုက်ခင်း(လယ်ယာမြေ)၌ သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် လယ်ယာထွက်သီးနှံအကြွင်းအကျန်များနှင့် သဘာဝမြေဩဇာတို့ဖြင့် ရောစပ်၍ အီးအမ်(EM) ဘိုကာရှီမြေဆွေးလက်တွေ့ပြုလုပ်ခြင်းနှင့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ကြဲပတ်ခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ ဒေသခံတောင်သူများနှင့်အတူ တက်ရောက်ခဲ့ပြီး တောင်သူများအား မျိုးစေ့များနှင့် သဘာဝရွက်ဖြန်းမြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။