← Home
ကျန်းမာရေး 15 May, 2026

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့၊ အမှတ် ၁၂ ရပ်ကွက်ရှိ နှစ်ကျိပ်ရှစ်ဆူဘုရားကြီး အတွင်း၌ သက်ကြီးဘိုးဘွားများအား ကွင်းဆင်း၍ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအား ကြည့်ရှုအားပေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ မေလ ၁၅ ရက်၊ နံနက် ၁၁ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့၊ အမှတ် ၁၂ ရပ်ကွက်ရှိ နှစ်ကျိပ်ရှစ်ဆူဘုရားကြီးအတွင်း၌ အသက် ၅၀ နှစ်နှင့် ၇၀ နှစ်အတွင်းရှိ သက်ကြီးဘိုးဘွားများအား ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှကွင်းဆင်း၍ ကျန်းမာရေးစောင့်ရှောက် ပေးနေမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။