← Home
ပညာရေး
15 May, 2026
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့၊ မြို့ပေါ်ရပ်ကွက် ၆ ရပ်ကွက်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်ရောက်နိုင်ရေး အတွက် ကျောင်းနေအရွယ်ကလေးများစာရင်းကောက်ယူနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး
၂၀၂၆ ခုနှစ်၊ မေလ ၁၅ ရက်၊ နံနက် ၈ နာရီတွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့၊ မြို့ပေါ်ရပ်ကွက် ၆ ရပ်ကွက်တွင် ကျောင်းအပ်နှံမှုပိုမိုတိုးတက်များပြားလာစေရေး၊ တန်းစဉ်ကူးပြောင်းမှု ပိုမိုတိုးတက်လာစေရေးနှင့် ကျောင်းနေအရွယ်ကလေးများအားလုံး ရာနှုန်းပြည့် ကျောင်းအပ်နှံနိုင်ရေးအတွက် ရပ်ကွက်များအတွင်းရှိ ကျောင်းနေအရွယ်ကလေးများစာရင်း ကောက်ယူနေမှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ညွန့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ပညာရေးမှူးနှင့်ပညာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။