← Home
ပညာရေး 15 May, 2026

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၌ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းတက်ရောက်နိုင်ရေးအတွက် ကျောင်းနေအရွယ်ကလေးများစာရင်း ကောက်ယူနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ မေလ ၁၅ ရက်၊ နံနက် ၉ နာရီတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနား မြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၌ ကျောင်းအပ်နှံမှုပိုမိုတိုးတက်များပြားလာစေရေး၊ တန်းစဉ်ကူးပြောင်းမှု ပိုမိုတိုးတက်လာစေရေးနှင့် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်ရောက်နိုင်ရေး အတွက် ရွှေပြည်သာရပ်ကွက်၊ ရှမ်းမျိုးနွယ်စုယာယီတိမ်းရှောင်စခန်း၌ ကျောင်းနေအရွယ်ကလေး များစာရင်းကောက်ယူနေမှုအခြေအနေအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ ကျောင်းနေအရွယ်ကလေးများစာရင်းမြေပြင်ကွင်းဆင်းကောက်ယူရေး အဖွဲ့များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။