← Home
ဒေသဖွံ့ဖြိုးရေး
14 May, 2026
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်၊ ဘလဲ့ဘကျေးရွာအုပ်စု၊ အုတ်ကျွတ်ဖို ကျေးရွာရှိ အမက(အုတ်ကျွတ်ဖို) ကျောင်းဆောင်သစ်အား လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက်၊ နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်၊ ဘလဲ့ဘကျေးရွာအုပ်စု၊ အုတ်ကျွတ်ဖိုကျေးရွာရှိ အမက(အုတ်ကျွတ်ဖို)တွင် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသည့် စာသင်ဆောင်အား Mytel Company မှ အသစ်ပြန်လည် ဆောက်လုပ်လှူဒါန်းသည့် ကျောင်းဆောင်အား လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးသန်းထိုက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ စုစုပေါင်းအင်အား ၃၀၀ ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။