← Home
ပညာရေး 14 May, 2026

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ဝန်ထမ်းများ၏ သား/ သမီးများအား ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက်၊ နံနက် ၁၀ နာရီတွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများ၏ သား/ သမီးများအား ပညာသင်စရိတ်ထောက်ပံ့ ပေးအပ်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ စုစုပေါင်း ၆၀ ဦး တက်ရောက်ခဲ့ပြီး ကျောင်းသား/ ကျောင်းသူ ၂၃ ဦးအတွက် ထောက်ပံ့ငွေ ၉၈၀၀၀ဝိ/- ကျပ်နှင့် ဗလာစာအုပ် ၂၃ ဒါဇင်၊ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။