← Home
ပညာရေး 14 May, 2026

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့၊ ကုန်းသာကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက်၊ နံနက် ၉ နာရီတွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့၊ ကုန်းသာကျေးရွာရှိ တိုက်ပွဲများကြောင့် ခေတ္တပိတ်ထားသည့် အခြေခံပညာအလယ်တန်းကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ထားရှိမှုအခြေအနေများအား ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်း၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။