← Home
အစည်းအဝေး
11 May, 2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ လမ်းဦးစီးရိပ်သာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ခရိုင်အတွင်းရှိ KTV နှင့် စင်တင်တေးဂီတဆိုင်ပိုင်ရှင်များအား ညွှန်ကြားချက်များနှင့် ပတ်သက်၍ ချပြရှင်းလင်းခြင်းများဆောင်ရွက်
၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက်၊ နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ လမ်းဦးစီးရိပ်သာအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည့် ခရိုင်အတွင်းရှိ KTV နှင့် စင်တင်တေးဂီတဆိုင်ပိုင်ရှင်များအားတွေ့ဆုံပွဲသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဟိန်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများ၊ ခရိုင်/ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ပြီး KTV နှင့် စင်တင်တေးဂီတဆိုင်ရာညွှန်ကြားချက်များနှင့်ပတ်သက်၍ ချပြရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ကာ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားရန် အသိပေးမှာကြားခဲ့ကြောင်း သတင်း ရရှိပါသည်။