← Home
GAD news 08 May, 2026

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်မြို့နယ်၊ (၂၉)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းရှိ ရေမြောင်းများရေစီးရေလာကောင်းမွန်စေရန်ဆောင်ရွက်နေမှုများ၊ ရေမြောင်းနှင့်မလွတ်ကင်းသည့် ကျူးကျော်ဆိုင်ခန်းများရှင်းလင်းနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ မေလ ၈ ရက်၊ နံနက် ၈ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်မြို့နယ်၊ (၂၉)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းရှိ ရေမြောင်းများရေစီးရေလာကောင်းမွန်စေရန် ဆောင်ရွက်နေမှုများ၊ ရေမြောင်းနှင့်မလွတ်ကင်းသည့်ကျူးကျော်ဆိုင်ခန်းများရှင်းလင်းနေမှုအခြေအနေ များအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုနှင့် အဖွဲ့ဝင်များ၊ ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်တို့နှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။