← Home
GAD news 08 May, 2026

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်၊ ထမုန်ကန်ကျေးရွာအုပ်စု၊ စက်ပစ်တောင်ကျေးရွာ၊ ကွင်းအမှတ်(၇၄၀)၊ တောင်သူဦးဖုန်းမြင့်၏ စပါးစိုက်ခင်းတွင် ယူရီးယားဓါတ်မြေဩဇာနှင့်သဘာဝမြေဩဇာ ရောစပ်ကြဲပက်ပွဲအခမ်းအနားသို့

News Photo News Photo
၂၀၂၆ ခုနှစ်၊ မေလ ၈ ရက်၊ နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်၊ ထမုန်ကန်ကျေးရွာအုပ်စု၊ စက်ပစ်တောင်ကျေးရွာ၊ ကွင်းအမှတ်(၇၄၀)၊ တောင်သူဦးဖုန်းမြင့်၏ စပါး စိုက်ခင်းတွင် ယူရီးယားဓါတ်မြေဩဇာနှင့် သဘာဝမြေဩဇာရောစပ်ကြဲပက်ပွဲအခမ်းအနားသို့ ခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ခရိုင် စိုက်ပျိုးရေးဦးစီးမှူး၊ ခရိုင်မြေစာရင်းဦးစီးမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး တို့နှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။