← Home
အခမ်းအနားများ 08 May, 2026

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ သစ်တောရပ်ကွက်၊ မြို့တော်ခန်းမ၌ ပြည်နယ်လူငယ်ရေးရာ ကော်မတီမှကြီးမှူးကျင်းပသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲ အခမ်းအနားသို့ တက်ရောက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ မေလ ၇ ရက်၊ နေ့လယ် ၂ နာရီတွင် ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ သစ်တောရပ်ကွက်၊ မြို့တော်ခန်းမ၌ ပြည်နယ်လူငယ်ရေးရာကော်မတီမှကြီးမှူးကျင်းပသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦစိုင်းထိန်စိုးနှင့် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ပညာရေးဒီဂရီ ကောလိပ်မှသင်တန်းသား/ သင်တန်းသူများ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသား/ သင်တန်းသူများ စုစုပေါင်းအင်အား ၅၀၀ ဦး နှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။