← Home
လူမှုရေး 08 May, 2026

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အ.ထ.ကမင်းလှ(မြို့ပြင်)ကျောင်း၌ ရက်(၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Unique ID နံပါတ်များဆောင်ရွက်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ မေလ ၇ ရက်၊ နံနက် ၉ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှ မြို့နယ်၊ အ.ထ.ကမင်းလှ(မြို့ပြင်)ကျောင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ပြည်သူ့အစိုးရရက်(၁၀၀)စီမံချက်အရ မြို့ပေါ်(၈)ရပ်ကွက်အတွင်းရှိ အသက်(၁၀)နှစ်ပြည့်၊ (၁၈)နှစ်ပြည့် ကျောင်းသား/ ကျောင်းသူများနှင့် ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးခြင်း၊ Biometric အချက်အလက်ကောက်ယူခြင်းနှင့် Unique ID နံပါတ်များဆောင်ရွက်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွေးနှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်ထွဋ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးမျိုးသန့်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။