← Home
ပြည်သူ့ဆက်ဆံရေး 08 May, 2026

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၌ ရက်(၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်းနှင့် Biometric ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ မေလ ၇ ရက်၊ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံ ခရိုင်၊ မတ္တရာမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးတွင် ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်းနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင် ဦးစီးမှူး ဦးမောင်မောင်အေးနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။