← Home
ဒေသဖွံ့ဖြိုးရေး
08 May, 2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့၌ လမ်းဘေးရေမြောင်းများတူးဖော်ဆောင်ရွက်ရေးနှင့် လမ်းဘေးဝဲယာတစ်လျှောက် အရိပ်ရလေကာပင်များစိုက်ပျိုးနိုင်ရေးအတွက် ကြည့်ရှုစစ်ဆေး
၂၀၂၆ ခုနှစ်၊ မေလ ၇ ရက်၊ နံနက် ၉ နာရီတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့၌ ရေစီးရေလာကောင်းမွန်စေရန်လမ်းဘေးရေမြောင်းများတူးဖော်ဆောင်ရွက်ရေးနှင့် လမ်းဘေးဝဲယာ တစ်လျှောက် စိမ်းလန်းစိုပြေစေရေး အရိပ်ရလေကာပင်များစိုက်ပျိုးနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။