← Home
ဒေသဖွံ့ဖြိုးရေး 06 May, 2026

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ နှမ်းကြဲကျေးရွာအုပ်စုရှိ ဟိမဝန္တာ ကိုယ်ပိုင်အထက်တန်းကျောင်းမှ လယ်ယာမြေအား အခြားနည်းအသုံးပြုခွင့်လျှောက်ထားလာမှု အခြေ အနေအပေါ် ကွင်းဆင်းစစ်ဆေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ မေလ ၆ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံ ခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ နှမ်းကြဲကျေးရွာအုပ်စုရှိ ဟိမဝန္တာကိုယ်ပိုင်အထက်တန်းကျောင်းမှ လယ်ယာမြေ အခြားနည်းအသုံးပြုခွင့်လျှောက်ထားလာမှုအား ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေနှင့် အဖွဲ့ဝင်များ၊ မြိုနယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်မြေစာရင်းဦးစီးဌာနတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။