← Home
ဒေသဖွံ့ဖြိုးရေး 06 May, 2026

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ကျွဲကူးကျေးရွာရှိ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးတည်ဆောက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

News Photo
၂၀၂၆ ခုနှစ်၊ မေလ ၆ ရက်၊ နံနက် ၉ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ် မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ကျွဲကူးကျေးရွာရှိ အပြည်ပြည်ဆိုင်ရာငါးလေလံဈေးတွင် ငါးလုပ်ငန်းနှင့် ဆက်စပ်အဆောက်အဦများ တည်ဆောက်နေမှုအခြေအနေအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးဦး၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။