← Home
အခမ်းအနားများ
05 May, 2026
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၆)၊ မြနန်းတော်ဟိုတယ် ခန်းမတွင် ကျင်းပပြုလုပ်သည့် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ မေလ ၅ ရက်၊ နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၆)၊ မြနန်းတော်ဟိုတယ်ခန်းမတွင် ကျင်းပပြုလုပ်သည့် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်/ မိသားစုများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း အဖွဲ့ဝင်များ စုစုပေါင်းအင်အား ၁၂၀ ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။