← Home
ပြည်သူ့ဆက်ဆံရေး 28 Apr, 2026

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၊ အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ရက်(၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုစစ်ဆေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၇ ရက်၊ နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၊ အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ခရိုင်/မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ကြီးမှူး၍ ရက်(၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်းနှင့် UID နံပါတ် ထုတ်ပေးခြင်းလုပ်ငန်းဆောင်ရွက်ပေးနေမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်မြင့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်/မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ပြီး အသက် ၁၀ နှစ်နှင့် ၁၈ နှစ်ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား အသစ်ပြုလုပ်လိုသည့် ကျောင်းသား/ကျောင်းသူများအား ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။