← Home
ပြည်သူ့ဆက်ဆံရေး 06 Apr, 2026

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ အနန်းပင်ရပ်ကွက်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိလာသော Online Scam အလုပ်ရုံများမှ မြန်မာအလုပ်သမားများအား သွားရောက်ကြိုဆို

News Photo
၂၀၂၆ ခုနှစ်၊ ဧပြီလ ၅ ရက်၊ ည ၉ နာရီ ၀၄ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ အနန်းပင်ရပ်ကွက်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်လေဆိပ်မှ MAI လေကြောင်းခရီးစဉ်အမှတ် 8M-402 ဖြင့် Online Scam အလုပ်ရုံများမှ မောင်ထူးအောင်လင်းပါ ကျား ၂ ဦး၊ မနှင်းဦးဝေပါ မ ၂ ဦး၊ စုစုပေါင်း ၄ ဦးတို့ ပြန်လည်ရောက်ရှိလာမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဘုန်းမြတ်သူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ နှင့်အတူ သွားရောက်ကြိုဆိုခဲ့ကြောင်း သတင်းရရှိပါသည်။