← Home
လူမှုရေး
27 Feb, 2026
မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း ပြည်နှင်လွှဲပြောင်းမည့် နိုင်ငံခြားသားများ၏ ကိုယ်ရေးအချက် အလက်ကောက်ယူခြင်းလုပ်ငန်းပူးပေါင်းအဖွဲ့အား ကြီးကြပ်ဆောင်ရွက်ခဲ့
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၌ ဖေဖော်ဝါရီလ ၂၇ ရက်တွင် ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံ ဖြတ်သန်း၍ မြန်မာနိုင်ငံ ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်ရှိ တရားမဝင်ဆောက်လုပ်ထားသော ဆိုဒ်များ အတွင်းသို့ တရားမဝင်လမ်းကြောင်းမှတစ်ဆင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်နေကြ သည့် Online လောင်းကစားမှုများ၊ Online လိမ်လည်မှုများ ကျူးလွန်ခဲ့ကြသည့် တရုတ် နိုင်ငံသား ၁၄၈ ဦး၊ ထိုင်းနိုင်ငံသား ၃ ဦး၊ ဗီယက်နမ်နိုင်ငံသား ၃ ဦး၊ ကမ္ဘောဒီးယား နိုင်ငံသား ၁ ဦး နှင့် ရုရှားနိုင်ငံသား ၁ ဦး၊ စုစုပေါင်းပြည်ပနိုင်ငံသား ၁၅၆ ဦး တို့ကို ထပ်မံစစ်ဆေးဖော်ထုတ်နေမှုအား မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းက ကြီးကြပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ နိုင်ငံခြားသားများအား သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်း နှင့်အညီ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ များက စစ်ဆေးဖော်ထုတ်ရရှိသူများ၏ ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများကို စနစ်တကျ စာရင်းကောက်ယူခြင်းလုပ်ငန်းအား နေ့ချင်းပြီး ဆောင်ရွက်ခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား စုစုပေါင်း ၁၄၃၆၄ ဦး ကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၁၃၂၆၂ ဦးကို ထိုင်းနိုင်ငံမှ တစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့်နိုင်ငံခြားသား ၁၁၀၂ ဦးကို သက်ဆိုင်ရာ နိုင်ငံအသီးသီးသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။