← Home
ပြည်သူ့ဆက်ဆံရေး 03 Apr, 2026

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ ပညာအလင်းရောင်ကိုယ်ပိုင်အထက်တန်းကျောင်း ရုံးခန်း၌ အပူရှောင်စခန်းများအောင်မြင်စွာဖွင့်လှစ်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက်၊ နံနက် ၁၀ နာရီတွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ ပညာအလင်းရောင်ကိုယ်ပိုင်အထက်တန်းကျောင်းရုံးခန်း၌ မင်းဘူးမြို့သည် အပူရှိန်အလွန်မြင့်တက် နေသဖြင့် သက်ကြီးဘိုးဘွားများ၊ ကျန်းမာရေးအားနည်းသူများအတွက် အပူဒဏ်သက်သာစေရန်နှင့် အပူရှိန်ကြောင့် နောက်ဆက်တွဲပြဿနာများလျော့ချနိုင်ရန် အပူရှောင်စခန်းများအောင်မြင်စွာ ဖွင့်လှစ်နိုင်ရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်၊ အပူရှောင်စခန်းဖွင့်လှစ်နိုင်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များနှင့် တွေ့ဆုံ၍ သက်ဆိုင်ရာ ကဏ္ဍအလိုက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သတင်းရရှိ ပါသည်။