← Home
ဒေသဖွံ့ဖြိုးရေး
03 Apr, 2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ဆင်းရတနာ- ၃ နှမ်းမျိုးများအား ပေါင်ကြီးတင်စနစ်ဖြင့်စမ်းသပ်စိုက်ပျိုးနိုင်ရန် Solar ရေတင်စနစ်ဆောင်ရွက်မှုနှင့် မြေပြုပြင်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက်၊ နံနက် ၁၁ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်း မြို့နယ်တွင်(LPCRFDP) Low Pressure Cold Radio-Frequency Discharge Plasma စက်ဖြင့် Plasma treatment ပေးထားသော ဆင်းရတနာ- ၃ နှမ်းမျိုး၊ မကွေးနှမ်းနက် ၂ /၂၀၁၄ နှမ်းမျိုး၊ မကွေးနှမ်းနက် ၁၁/၂၀၂၃ နှမ်းမျိုးများအား ပေါင်ကြီးတင်စနစ်ဖြင့် စမ်းသပ်စိုက်ပျိုးနိုင်ရန် Solar ရေတင်စနစ် ဆောင်ရွက်မှုနှင့်မြေပြုပြင်ထားရှိမှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ရွှေ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နှမ်းစိုက်ပျိုးသည့်တောင်သူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။