← Home
ပညာရေး
02 Apr, 2026
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့၊ ပညာရေးဒီဂရီကောလိပ်နှင့် ကွန်ပျူတာတက္ကသိုလ် (လွိုင်ကော်)တွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည့် သင်တန်းများအား ကြည့်ရှုအားပေး
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက်၊ နံနက် ၈ နာရီတွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့၊ ပညာရေးဒီဂရီကောလိပ်တွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည့် ပညာရေးနှင့်သင်ပြနည်းပညာဒီပလိုမာ သင်တန်းအမှတ်စဉ်(၂)နှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်းအမှတ်စဉ်(၂/၂၀၂၆)၊ ဒုတိယနှစ်ဝက် သင်တန်းများနှင့် ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)တွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည့် အခြေခံကျောင်းသား/ ကျောင်းသူများအတွက် အခြေခံကွန်ပျူတာသင်တန်းဖွင့်လှစ်သင်ကြားနေမှုအား ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်း သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။