← Home
ဒေသဖွံ့ဖြိုးရေး 02 Apr, 2026

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်တောင်ရပ်ကွက်၊ သီဟဇေယျဈေးအတွင်းရှိ ရွှေဆိုင် များတွင် သတ်မှတ်ထားသည့်စံချိန်စံညွှန်းနှင့် ကိုက်ညီစွာရောင်းချမှုရှိ/ မရှိအခြေအနေများအား ကွင်းဆင်းစစ်ဆေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်၊ နံနက် ၉ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်တောင် ရပ်ကွက်၊ သီဟဇေယျဈေးအတွင်းရှိ ဖွင့်လှစ်လုပ်ကိုင်လျက်ရှိသည့် ရွှေဆိုင်များတွင် သတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့် ကိုက်ညီစွာရောင်းချမှုရှိ/ မရှိအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးဦး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။