← Home
ပြည်သူ့ဆက်ဆံရေး 31 Mar, 2026

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့၊ ဆိပ်ငယ်ရပ်ကွက်ရှိ စည်ပင်သာယာဈေးအတွင်း ဈေးဆိုင်များ၌ စားသောက်ကုန်ပစ္စည်းများကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီရောင်းချမှုရှိ/ မရှိ အခြေအနေများအား ကွင်းဆင်းစစ်ဆေး

News Photo
၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်၊ နံနက် ၈ နာရီ ၃၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့၊ ဆိပ်ငယ်ရပ်ကွက်ရှိ စည်ပင်သာယာဈေးအတွင်း ဈေးဆိုင်များသို့သွားရောက်၍ စားသောက် ကုန်ပစ္စည်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီရောင်းချမှုရှိ/မရှိတို့အား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးဦး ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ပြည်တွင်းအခွန် ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။