← Home
GAD news 30 Mar, 2026

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ မတ်လ ၂၉ ရက်၊ မွန်းလွဲ ၁၂ နာရီတွင် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ မြို့ကျက်သရေဆောင်သမိုင်းဝင်ဆံတော်ရှင်ရွှေမြင်းဝန်စေတီတော်မြတ်ကြီး၏ သာသနာ့ဟိတကာရီ ဓမ္မဗိမာန်တော်၌သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနကကြီးမှူး၍ ဩဝါဒ စရိယဆရာတော်ကြီးများ၊ ကြီးကြပ်ရေးအဖွဲ့ဆရာတော်ကြီးများ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲဖြေဆိုနေမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်သာသနာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့်အတူ တက်ရောက် ခဲ့ပြီး လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။