← Home
အခမ်းအနားများ 26 Mar, 2026

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဌာနဆိုင်ရာစုပေါင်းရုံး၌ ကျင်းပပြုလုပ်သော (၈၁)နှစ်မြောက်တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝန်ထမ်း အိမ်ရာအဆောက်အဦ ၄ ခန်းတွဲ ၄ ထပ် (RC ကွန်ကရစ် )ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက်၊ နံနက် ၈ နာရီတွင် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့၊ အမှတ်(၅) ရပ်ကွက်၊ ဌာနဆိုင်ရာစုပေါင်းရုံး၌ ကျင်းပပြုလုပ်သော (၈၁)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောက်လုပ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ၄ ခန်းတွဲ ၄ ထပ်(RC ကွန်ကရစ်) ဝန်ထမ်းအိမ်ရာအဆောက်အဦ ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမင်းရွှေ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။