← Home
အစည်းအဝေး 20 Mar, 2026

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအား တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာလုပ်ကိုင်ဆောင်ရွက်စေရေး ဆွေးနွေးပြောကြား

News Photo News Photo
၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက်၊ နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ “အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးအဆင့်ဆင့်ရှိ အရာထမ်း၊ အမှုထမ်းများအနေဖြင့် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက် များနှင့်အညီ လိုက်နာလုပ်ကိုင်ဆောင်ရွက်စေရေး ကြပ်မတ်ဆောင်ရွက်ရန်” ဟု ညွှန်ကြားထားရှိမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဘုန်းမြတ်သူမှ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအား အလေးထားလိုက်နာဆောင်ရွက်နိုင်ရေး ဆွေးနွေးပြောကြား ခဲ့ကြောင်း သတင်းရရှိပါသည်။