← Home
ပြည်သူ့ဆက်ဆံရေး 19 Mar, 2026

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ အဖိုးတန် သတ္တု(‌ရွှေ) ရောင်းဝယ်ရေး အသိအမှတ်ပြုမှတ်ပုံတင်လက်မှတ်ရရှိသည့် ရွှေဆိုင်လုပ်ငန်းများအား ညွှန်ကြားချက် များနှင့်အညီ ရောင်းချမှုရှိ/ မရှိအား ကွင်းဆင်းစစ်ဆေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက်၊ နံနက် ၁၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ အဖိုးတန်သတ္တု(‌ရွှေ)ရောင်းဝယ်ရေး အသိအမှတ်ပြုမှတ်ပုံတင် လက်မှတ်ရရှိသည့် ရွှေဆိုင်လုပ်ငန်းများအား သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနမှ ညွှန်ကြားချက်များနှင့်အညီ ရောင်းချမှုရှိ/ မရှိအား တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်တင်မိုး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ပါဝင်သောစိစစ်ရေးအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။