← Home
အခမ်းအနားများ 18 Mar, 2026

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ခရိုင်အဆင့်ဌာနဆိုင်ရာစုပေါင်းရုံး အစည်းအဝေးခန်းမ၌ ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ်(CEIR)နှင့် အခွန်ဆိုင်ရာ ကိစ္စရပ်များ အသိပညာပေးရှင်းလင်းပွဲအခမ်းအနားသို့ တက်ရောက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ ရက်၊ နံနက် ၁၀ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၊ ခရိုင်အဆင့်ဌာနဆိုင်ရာစုပေါင်းရုံး အစည်းအဝေးခန်းမ၌ ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ်(CEIR)နှင့် အခွန်ဆိုင်ရာကိစ္စရပ်များ အသိပညာပေးရှင်းလင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးမင်းကို၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စုစုပေါင်း ၈၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။