← Home
အစည်းအဝေး 18 Mar, 2026

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့၊ ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်သည့် စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ ရက်၊ နေ့လယ် ၂ နာရီတွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် စက်သုံးဆီခြိုးခြံ ချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် အစီအစဉ်တကျကြပ်မတ်ဆောင်ရွက်နိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်း တက်ရောက် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။