← Home
GAD news
26 Nov, 2026
တံတားဦးမြို့နယ်၊ စကားအင်းကျေးရွာအုပ်စုရှိ ရှေးဟောင်း သမိုင်းဝင်အောင်စည်းခုံစေတီတော်မြတ်ကြီး ပြန်လည်ပြုပြင်မွမ်းမံရန်အတွက် ပန္နက်တော်တင်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်၊ နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်၊ စကားအင်းကျေးရွာအုပ်စုရှိ ရှေးဟောင်းသမိုင်းဝင်အောင်စည်းခုံစေတီတော်မြတ်ကြီး ပြန်လည်ပြုပြင်မွမ်းမံရန်အတွက် ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်း သည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ အလှူရှင်များ၊ ဖိတ်ကြား ထားသောဧည့်သည်တော်များနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။