← Home
GAD news
18 Nov, 2026
လွိုင်ကော်မြို့၊ ဈေးပိုင်းရပ်ကွက်ရှိ စည်ပင်သာယာ အဖွဲ့ပိုင်နှစ်ထပ်ဈေးသို့ သွားရောက်၍ ဈေးဆိုင်ခန်းများ ပြန်လည်ဖွင့်လှစ်ရောင်းချနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေး
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်၊ နံနက် ၈ နာရီတွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော် မြို့နယ်၊ လွိုင်ကော်မြို့၊ ဈေးပိုင်းရပ်ကွက်ရှိ စည်ပင်သာယာအဖွဲ့ပိုင်နှစ်ထပ်ဈေးသို့ သွားရောက်၍ ဈေးဆိုင်ခန်းများ ပြန်လည်ဖွင့်လှစ်ရောင်းချနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကို၊ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။