← Home
GAD news
16 Nov, 2026
မင်းဘူး(စကု)မြို့နယ်ရှိ အိုင်းမရေလွှဲဆည်မှ စိုက်ပျိုးရေပေးဝေမှု အခြေအနေနှင့် စိုက်ခင်းများအောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေး
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်၊ နံနက် ၉ နာရီတွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ အိုင်းမရေလွှဲဆည်မှ စိုက်ပျိုးရေပေးဝေမှုအခြေအနေနှင့် ဥယျာဉ်ဇင်ကျေးရွာ အုပ်စု၊ ကွင်းအမှတ်(၁၂၄၇)ရှိ တောင်သူ ဦးဝင်းသိန်း စိုက်ပျိုးထားသော ဧရာမင်းစပါးစိုက်ခင်း ၂ ဧကနှင့် ကွင်းအမှတ်(၁၂၅၁)ရှိ တောင်သူ ဦးသောင်းဌေးစိုး စိုက်ပျိုးထားသော ဘာစမာတီစမ်းသပ်စပါးစိုက်ခင်း ၂ ဧကတို့၌ စိုက်ခင်းများအောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်သည် ခရိုင်/မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက် မြင့်မားရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။