← Home
GAD news
16 Nov, 2026
ကြာအင်းဆိပ်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧည့်ရိပ်သာခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဖြန့်ဝေပေးသည့် ဆင်းရွှေကြာ(၂)၊ ရေဆင်းစပ်မျိုး(၁) နေကြာမျိုးစေ့ပေးအပ်ပွဲအခမ်းအနား
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်၊ နံနက် ၁၀ နာရီတွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧည့်ရိပ်သာခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဖြန့်ဝေပေးသည့် ဆင်းရွှေကြာ(၂)၊ ရေဆင်း စပ်မျိုး(၁) နေကြာမျိုးစေ့ပေးအပ်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ ကျေးရွာ ၁၆ ရွာမှ တောင်သူများ စုစုပေါင်း ၈၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။